သရက်မြို့ရှိ ဇက်ဆိပ်တွင်ရေနစ်သေဆုံးသွားသည့် အမျိုးသားအား သေဆုံးလျက်ဆယ်ယူနိုင်ခဲ့

0
344

မကွေးတိုင်း၊သရက်မြို့၊ရုံးရပ်ကွက်ရှိ ဇက်ဆိပ်တွင် မတ် ၃၀ ရက်(ယနေ့)နံနက်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၉ နာရီက သရက်မြို့၊ရုံးရပ်ကွက်ရှိ ဇက်ဆိပ်တွင် အမျိုးသား ၁ ဦးရေနစ်ပျောက်ဆုံးသွားကြောင်း သတင်းအရ သရက်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် မွန်းတည့် ၁၂ နာရီ ၃၆ မိနစ်၌ ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ရေနစ်ပျောက်ဆုံးတယ်ဆိုတဲ့နေရာနဲ့သိပ်မဝေးတဲ့နေရာကနေ ပြန်တွေ့တာပါ ရှာဖွေချိန်ကအတော်ကြာသွားတယ်ပဲပြောရမှာပေါ့ ရေနောက်နေတော့လည်း ရှာရတာနည်းနည်းခက်ခဲတာလည်းပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား သုခရတနာလူမှုကူညီရေးအသင်းကားဖြင့် သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here