LNG ဖြင့် လျှပ်စစ်ဓာတ်အားပေးသည့် ဟောင်ကောင် VPower Group ပိုင် ဓာတ်ငွေ့တင် သင်္ဘောကြီး (၂)နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

0
365

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဟောင်ကောင် VPower Group ပိုင် ဓာတ်ငွေ့တင် သင်္ဘောကြီးသည် (၂) နှစ်နှင့် ‌(၄) လအကြာ ယနေ့မတ်လ (၃၀) ရက်တွင် ရန်ကုန် သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ MT CNTIC VPOWER ENERGY ဓာတ်ငွေ့တင်သင်္ဘောသည် ၂၀၂၀ ခုနှစ် ဇွန်လတွင် သီလဝါဆိပ်ကမ်းရှိ ယာယီ‌ဆိပ်ခံတံတားတွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

အလျား ၁၇၆ ဒသမ ၈ မီတာရှိသည့် အဆိုပါ LNG သင်္ဘောကြီးသည် သာကေတမြို့နယ်ရှိ မဂ္ဂါဝပ် ၄၀၀ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သန်လျင်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေးစက်ရုံတို့နှင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ MT CNTIC VPOWER ENERGY သင်္ဘောသည် ရန်ကုန် သီလဝါဆိပ်ကမ်းမှ စင်္ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here