မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်

0
145

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျေ အမ် ပရီယန်သာ ဘန်ဒါရာ တို့မတ် ၃၀ ရက်နံနက် ၁၀ နာရီက နေ ပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့်ပညာရေး၊ကျန်းမာရေး၊သတင်းအချက် အလက်နည်းပညာ ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကုလသမဂ္ဂနှင့်ဘင်းမ်စတက်အဖွဲ့ အပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here