မန္တလေး တောင်သမာန်အင်း ကန်ပတ်လမ်းအနီးတွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစအရွယ် ကလေးငယ်ကိုသေဆုံးလျက်တွေ့ရှိ

0
135

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ တောင်သမာန် ကန်ပတ်လမ်းတွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစအရွယ် ကလေးငယ်ကို မတ်လ ၃၀ ရက် နံနက်ပိုင်းကသေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။

တောင်သမာန်အင်း ကန်ပတ်လမ်း အနောက်ဖက်ထိပ်အနီး အမှိုက်များစွန့်ပစ်ထားသည့် နေရာတွင် မတ်လ (၃၀) ရက် နံနက် ၉ နာရီအချိန်ခန့်တွင် မွေးကင်းစအရွယ်ရှိကလေးငယ်ကို အနှီးဖြင့်ထုပ်ထားကာ စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

” အနားမှာရှိတဲ့သူတွေပြောပြချက်အရ အမျိုးသားတစ်ယောက်ကလာပစ်သွားတာ၊ လာပစ်တဲ့အချိန်မှာ အသက်ရှိသေးလားဆိုတာတော့ မသိရဘူး၊ အမှိုက်ကောက်တဲ့ကလေးတွေက တွေ့ရှိလို့ အကြောင်းကြားလာခဲ့တဲ့အတွက် အသင်းက ကောက်ယူ သယ်ဆောင်ခဲ့ပါတယ်” ဟု လူငယ်အားမာန် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

စွန့်ပစ်ခံရပြီး သေဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းကို အမရပူရမြို့နယ် လူငယ်အားမာန် လူမှုကူညီရေးအသင်းက ကောက်ယူ သယ်ဆောင်ခဲ့ပြီး အမရပူရဆေးရုံသို့ပို့ဆောင်ခဲ့ကာ ပိုးမွှားများ အမှိုတ်များ အညစ်အကြေးများ သန့်စင်ပေးခဲ့ပြီးနောက်တောင်အင်းမြောက်အင်းသုသာန်တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – လူငယ်အားမာန် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here