ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ရွက်မည့် ပုဂ္ဂိုလ်များကို ကြက်ခြေနီကောင်စီ၏ အလုပ် အမှုဆောင်အဖြစ် ရွေးချယ်ခန့်အပ်ရန် ကျန်းမာရေးဝန်ကြီးပြော

0
339

မြန်မာနိုင်ငံ ကြက်ခြေနီဗဟိုကောင်စီသစ်ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်၍ အလုပ်အမှုဆောင်များရွေးချယ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကိုဦး ထိပ်ထား၍ တာဝန်သိသိ၊ သစ္စာရှိရှိ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များကို ရွေးချယ်ခန့်အပ်တာဝန်ပေးကြရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ယမန်နေ့ မတ် (၃၀) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်၌ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြောဆို ပူးပေါင်းဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသူများ၊ လုပ်ငန်းအတွေ့အကြုံရင့်ကျက်သူများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို မျက်ခြေမပြတ် ထိထိမိမိအကျိုးရှိစွာဆောင်ရွက်နိုင်သူများကိုလည်း ရွေးချယ်ခန့်အပ်တာဝန်ပေးရမည်ဟုလည်း ဝန်ကြီးက မှာကြားခဲ့သည်။

ထို့အပြင် ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသူများ၊ ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်း အတွေ့အကြုံရှိသူများ၊အများက ယုံကြည်လေးစားရသူများ၊ အသင်းဖွံ့ဖြိုးရေးအတွက် အချိန်ပေးပြီး ဆောင်ရွက်နိုင်သူများဖြစ်ရန် အရေးကြီး၍ စနစ်တကျ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခန့်အပ် တာဝန်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီ ညီလာခံတွင် (၂၀၂၃-၂၀၂၆) ကာလအတွက် ရွေးချယ်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် (၆၇) ဦးအား ကြက်ခြေနီ ကောင်စီဝင်များအဖြစ် အတည်ပြုခဲ့ကြသည်။

ထို့အပြင် အလုပ်အမှုဆောင် အဖွဲ့သစ်ဖြစ်သည့် ဒေါက်တာမျိုးညွန့် (ဥက္ကဋ္ဌ၊ အချိန်ပြည့် အလုပ်အမှုဆောင်)၊ ဒေါ က်တာတင်တင်လေး (ဒု-ဥက္ကဋ္ဌ၊ အချိန်ပြည့် အလုပ်အမှုဆောင်) တို့ပါဝင်သည့် အလုပ်အမှုဆောင် (၁၁) ဦးမှ ညီလာခံ ယာယီသဘာပတိရှေ့တွင် ကတိသစ္စာပြုခဲ့ကြ‌သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here