ဧပြီ ပထမအပတ်မှစ၍ နယ်ဝေးရထားလက်မှတ်များစတင်ရောင်းချပေးမည်

0
180

သင်္ကြန်ရုံးပိတ်ရက်ကာလ နယ်သို့ပြန်မည့်သူများအတွက် ရထားလက်မှတ်များကို ဧပြီလ ပထမအပတ်မှစ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဧပြီလ ၇ ရက်မှစတင်၍ သင်္ကြန်အထူးရထားများကို ပြေးဆွဲပေးမည်ဖြစ်သည့်အတွက် ရထားလက်မှတ် ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းတွဲလက်မှတ်များကို သုံးရက် ကြိုတင်စနစ်၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ဧပြီလ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး – ရန်ကုန်နှင့် နေပြည်တော် – ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၈ ရက်တွင် ရန်ကုန် – မန္တလေး၊ မန္တလေး- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည် နှင့် ပြည်- ရန်ကုန် အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း လူစီးရထားများ အားလုံး ပြေးဆွဲမှုခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် အထူးရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်စီးနင်းမှုအခြေအနေပေါ်မူတည်ကာ လိုအပ်ပါက ဧပြီ ၉ ရက်၊ ဧပြီ ၁၈ ရက်တို့တွင် အထူး ရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here