ပလပ်စတစ်ခြင်းဖြင့်သယ်လာသည့် ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား မဟာအောင်မြေမြို့နယ်တွင်ဖမ်းမိ

0
103

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်တွင် ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား မတ် ၂၆ ရက်ညနေက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊ ၄၀ လမ်းနှင့် ၆၅(A)လမ်းထောင့်တွင် ကောင်းထက်ကျော်(ခ)ကျော်လင်း(၄၈)နှစ်မောင်းကာ ဇော်ဆိုင်းဦး(ခ)ကိုစိုင်း(၄၅)နှစ်၊ ဆန်းပြည့်(၅၀) နှစ်မောင်းကာ မျိုးထွန်း(၄၃)နှစ်လိုက်လာသည့် ဆိုင်ကယ်တို့အား တားဆီးစစ်ဆေးခဲ့ကြသည်။

ဆန်းပြည့် မောင်းလာသည့် ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ပလတ်စတစ်ခြင်းအတွင်းမှ ၎င်းတို့အတူတကွသယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၇၇၅၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ၎င်းတို့ ၄ ဦးအား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here