ယခုဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချောတင်ပို့မှုအမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၃ ဘီလီယံကျော်ရရှိပြီးယခင်နှစ်ထက် ၂ဘီလီယံ​ကျော်ပို

0
135

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ၁ ရက်မှ မတ်လ ၂၄ ရက်အထိ  ပြည်ပသို့စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၃ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့်ကာလတူ နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံပိုမိုရရှိထားကြောင်း သိရသည်။

ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၉၁ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံးပို့ကုန်ဝင်ငွေ ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ၁၀ မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာ ရှိနေခြင်းဖြစ်ကြောင်း၊ စက်မှုကုန်ချောပစ္စည်းများအနက် ချုပ်ပြီးအထည်အပါအဝင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here