ဆီးဂိမ်းပြိုင်ပွဲအတွက် လက်မှတ်များ အခမဲ့ပေးသွားမည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြေညာ

0
257

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လက်မှတ်များကို ကမ္ဘောဒီးယား နိုင်ငံသားများအတွက်ရော နိုင်ငံခြားသားများအတွက်ပါ အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတကာမှ ရုပ်သံထုတ်လွှင့်သူများကိုလည်း ဆီးဂိမ်းပြိုင်ပွဲရှိ အားကစားပွဲများအတွက် အခကြေးငွေမယူဘဲ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ခွင့်ပေးသွားမည်ဟု သိရသည်။ လက်မှတ် ဝယ်ယူထားပြီးသူများကို ငွေ အပြည့်အဝ ပြန်အမ်းသွားမည်ဟုလည်း ဟွန်ဆန်က ပြောသည်။

ထိုအမိန့်ကို လွန်ဆန်သည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် အရာရှိကိုမဆို ဝန်ကြီးချုပ်နှင့် ဥပဒေ၏ အပြစ်ပေးခြင်းကို ခံရမည်ဖြစ်ကြောင်း ဟွန်ဆန်က သတိပေးခဲ့သည်။

မကြာမီ ကျင်းပတော့မည့် ဆီးဂိမ်းပြိုင်ပွဲသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။

“၆၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခွင့်ရလာတဲ့ ဆီးဂိမ်းပြိုင်ပွဲဟာ သမိုင်းဝင်ပွဲ အခမ်းအနားဖြစ်ပြီး နိုင်ငံအတွက် ဂုဏ်ယူစရာ ပွဲတစ်ခု ဖြစ်ပါတယ်” ဟု ပြည်တွင်းသတင်းစာဖြစ်သည့် ဖရက်ရှ်နူးစ်က ဖော်ပြထားသည်။

ထူးခြားချက်အနေဖြင့် ကမ္ဘောဒီးယားသည် မွေ့ထိုင်းပြိုင်ပွဲအား မွေ့ထိုင်းဟု ခေါင်းစဉ်မတပ်ဘဲ ခွန်ခမေး ဟူသော ကမ္ဘောဒီးယား စကားရပ်ကို အသုံးပြု၍ ကျင်းပသွားမည် ဖြစ်သည်။

Source: The Diplomat


LEAVE A REPLY

Please enter your comment!
Please enter your name here