ဦးခေါင်းတွင် တုတ်ဖြင့်ရိုက်ခံထားရသည့်ဒဏ်ရာများဖြင့်သေဆုံးနေသူအား တာချီလိတ်မြို့တွင်တွေ့ရှိခဲ့

0
178

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊တော်ကော့တွင်းရပ်ကွက်တွင် မတ် ၃၁ ရက်ညနေပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့၊တော်ကော့တွင်းရပ်ကွက်(အောင်ပင်လယ်)ရှိ မြေကွက်လပ်တစ်ခု၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်းသတင်းအရ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

ရုပ်အလောင်းတွေ့ရှိသည့်နေရာ၌ အသက်(၅၀) နှစ်ခန့်ရှိ အမျိုးသားသည် ဦးခေါင်း၌ထိခိုက်ဒဏ်ရာအများအပြားရရှိကာ သေဆုံးနေခြင်းဖြစ်၍ တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးနေတဲ့လူရဲ့အနေအထားကိုစစ်ဆေးပြီး နယ်မြေအပိုင်တာဝန်ကျရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရနဲ့အခင်းဖြစ်နေရာနားမှာတွေ့ရတဲ့ တုတ်အရဆိုရင် ခေါင်းကိုတုတ်နဲ့ရိုက်ခံရလို့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားတာလို့သိထားတယ် ဖြစ်စဥ်ကိုတော့ တာဝန်ရှိတဲ့လူတွေကဆက်ပြီးစစ်ဆေးနေတယ် မိသားစုနဲ့အဆက်အသွယ်မရသေးဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here