ရန်ကုန်မြို့ရှိ မြို့နယ်အချို့ ဧပြီလ ၂ ရက်အထိ ၁၄ နာရီကြာယာယီဓာတ်အားပြတ်တောက်မည်

0
253

ယနေ့ ဧပြီလ (၁) ရက်မှ ဧပြီလ (၂) ရက်အထိ ရန်ကုန်မြို့ရှိ မြို့နယ်အချို့ ၁၄ နာရီကြာယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိ​ပေးထုတ်ပြန်ထားသည်။                                                
လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ ၂၃၀ ကေဗွီ ၊ ခရမ်းပင်မဓာတ်အားခွဲရုံ၏ အဝင် / အထွက် ဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ၊ ကမာနတ် – သီလဝါဓာတ်အားလိုင်းအား ချိတ်ဆက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားပိတ်၍ ဆောင်ရွက်သွားရန်ဖြစ်သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်နှင့် တံတားမြို့နယ်များတွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here