ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၁ ခုမှ အလုပ်အကိုင် ၄၃၀၀ ဖန်တီးပေး

0
174

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်တီ၏ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးတွင်ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၁ ခုကို ခွင့်ပြုပေးထား​ကြောင်း အတည်ပြုပေးခဲ့သည်။ထိုရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်အခွင့်အလမ်း ၄၃၀၀ ဖန်တီးပေးထားနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခု၊ ဝန်ဆောင်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ warehousing services and logistics services လုပ်ငန်း၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွတ်ချောသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ လျှပ်စစ်ဝါယာ ကြိုးအမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် အလူမီနီယမ်၊ ခဲမဖြူ (သံဖြူ)နှင့် ကြေးနီ သတ္တုထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ  ၇၅၀ သန်း နှင့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၀၆ သန်း ဖြစ်ပြီး စုစုပေါင်း လုပ်ငန်း ၁၁ ခု တို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၃၂၂ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအနက် လုပ်ငန်း တစ်ခုမှ မတည်ငွေရင်း ပမာဏ အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၂၀ သန်း တိုးမြှင့်ခွင့်ကိုလည်း ခွင့်ပြုပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်တီ၏(၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here