တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး ရန်ကုန်မြို့သို့ရောက်ရှိလာ

0
659

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၏ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning ဦးဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့ ဧပြီ ၁ ရက်(ယနေ့)နံနက် ၁၀ နာရီ ၅၅ မိနစ်က လာအိုနိုင်ငံမှတဆင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။

ယူနန်ပြည်နယ်ပါ တီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning အား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်းနှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့ကကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here