ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ဆိပ်ကမ်းစက်မှု လုပ်ငန်းများတိုးတက်ပြီး ကုန်သွယ်မှုများမြင့်တင်လာနိုင်၍ ကုန်တင်လေယာဉ်ကြီးများဝင်ရောက်နိုင်သည့် လေယာဉ်ပြေးလမ်းတိုးချဲ့မည်

0
124

ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့်အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဧပြီ ၁ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်းရှိ လေယာဥ်ကွင်းများအဆင့်မြှင့်တင်နေခြင်းကိုကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား စစ်တွေလေဆိပ်ဧည့်ခန်းမဆောင်တွင် ဒု-ဝန်ကြီးချုပ်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်တာဝန်ရှိသူများက စစ်တွေ၊ကျောက်ဖြူနှင့်သံတွဲလေယာဉ်ကွင်းတို့တွင် လေယာဉ်ပြေးလမ်းများနှင့်လေဆိပ်များတိုးချဲ့တည်ဆောက်ခြင်းနှင့်အဆင့်မြှင့်တင်မှု လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်းက နောင်အချိန်မှာ ဆိပ်ကမ်းစက်မှုလုပ်ငန်းတွေတိုးတက်လာပြီး ကုန်သွယ်မှုတွေပါ မြင့်တက်လာနိုင်တာကြောင့် နိုင်ငံခြားခရီးသွားတွေ ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ဒါ့ကြောင့် ကုန်တင်လေယာဉ်ကြီးတွေပါ ဝင်ရောက်လာနိုင်လို့ လေယာဉ်ပြေးလမ်းတိုးချဲ့ရာမှာ အဲဒီအတွက်လည်း မျှော်မှန်းဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏မြို့တော်ကွင်းဖြစ်၍ A-320 ၊ B-737 လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်းတိုးချဲ့ ခြင်းနှင့်လေဆိပ်တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းတို့ကို အဆင့်လိုက်ဦးစားပေးဆောင် ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ပြည် ပခရီးသွားများဝင်ရောက်မှုများပြား၍ ဂျက်လေယာဉ်များဆင်းသက်နိုင်သည်အထိ မြှင့်တင်ရမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းပြေးဆွဲမှုအဆင့်မြှင့်တင်တိုးတက်စေရန်ဆောင်ရွက်ပါက ပြည်တွင်းခရီးသွားလာမှုကို ပိုမို အထောက် အကူပြုစေမည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here