ဖြူးမြို့နယ်ရှိ ချောင်းကူးတံတား ၂ စင်း မိုင်းခွဲဖျက်ဆီးခံရ

0
127

ပဲခူးတိုင်း၊ဖြူးမြို့နယ်ရှိ ချောင်းကူးတံတား ၂ စင်းအား လက်နက်ကိုင်အဖွဲ့ဝင်များမှ မတ် ၃၁ ရက်မွန်းလွဲပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်က လက် နက်ကိုင်အဖွဲ့ဝင်များသည် ဖြူးမြို့နယ်၊ကညွှတ် ကွင်းမြို့၊ဘုရားလဟာကျေးရွာရှိ “မဂျမ်းရိုးတံတား”(ဒေသအခေါ် တူးမြောင်းတံတား)နှင့်”သစ်ပတ်ချောင်းတံတား”တို့အား မိုင်းများထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြ​ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ။

“အသံအကျယ်ကြီး ၂ ချက်ကြားလိုက်တယ်။ဒဏ်ရာရတာရှိရင် လူနာကောက်ရအောင် လူနာတင် ကားတွေကိုအဆင်သင့်လုပ်ထားတယ်။ လူနာကောက်ဖို့ဖုန်းသတင်းမရတာနဲ့အပြင်ထွက်ပြီး လိုက်စုံစမ်းကြည့်တော့မှ တံတား ၂ စင်းဖျက်ဆီးခံရတာကိုသိတာ။ အဲဒီတံတား ၂ စင်းလုံးက သံကူကွန်ကရစ်တံတားတွေပါ။ အခု တာဝန်ရှိတဲ့လူတွေက ပြင်ဆင်တာတွေလုပ်နေကြတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အလျား ၄၀ ပေ၊အနံ ၂၀ ပေရှိသည့် “မဂျမ်းရိုးတံတား”မှာအနည်းငယ်ပျက်စီးခဲ့ပြီး အလျား ၈၀ ပေ၊အနံ ၂၀ ပေရှိ “သစ်ပတ်ချောင်းတံတား”မှာပျက်စီးမှုကြောင့် ကားများ၊ဆိုင်ကယ်များဖြတ်သန်းသွားလာ၍မရ​သေး​ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here