အကြိုက်ဆုံးစာမူ ၁၅ ပုဒ်အား စာအုပ်ထုတ်ဝေမည့် လူငယ်ဆိုင်ရာဝတ္ထုတိုစာမူများဖိတ်ခေါ်

0
223

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းမှ ကလောင်သစ်များအတွက်ရည်ရွယ်၍ ရသစာပေနှင့်ပတ်သက်သည့် ကလောင်သစ်များ၏ လူငယ်ဆိုင်ရာဝတ္ထုတိုများကို စာအုပ်ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်သည်။

ထို့ကြောင့် ရသစာပေနှင့်ပတ်သက်၍ လူငယ်များအား အကျိုးပြုစေနိုင်သော အကြောင်း အရာများကို လွတ်လပ်စွာရေးသားထားသည့် လူငယ်ဆိုင်ရာဝတ္ထုတိုစာမူများအား ဖိတ်ခေါ်လျက်ရှိသည်။

စာမူရွေးချယ်ရေးကော်မတီမှ ပေးပို့လာသည့် စာမူများအားဖတ်ရှုပြီးနောက် အကြိုက်ဆုံးစာမူ ၁၅ ပုဒ်အားရွေးချယ်၍ စာအုပ်ထုတ်ဝေမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် စာမူရှင်များအား ဉာဏ်ပူဇော်ခနှင့်စာအုပ်လက်ဆောင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

လူငယ်ဆိုင်ရာဝတ္ထုတိုစာမူများရေးသားပေးပို့ရာတွင် လူငယ်ဘာသာဘာဝအားပုံဖော်ရေးသားထားပြီး လက်ရှိ မြန်မာစာရေးထုံး၊စာလုံးပေါင်း သတ်ပုံတို့နှင့်တတ်နိုင်သမျှ ကိုက်ညီရမည်ဖြစ်ကာ ဖောင့်ဆိုက် (၁၅)ဖြင့် A4 ၄ မျက်နှာမှ ၆ မျက်နှာအတွင်း ရေးသားပေးပို့နိုင်ပြီး စာလုံးရေ ၇၅၀၀ ခန့်ရှိရမည်ဖြစ်သည်။

အခြား မဂ္ဂဇင်းများ၊ဂျာနယ်များ၊စာစောင်များ၊အွန်လိုင်းစာမျက်နှာများတွင် တစ်ပြိုင်နက်တည်း ပေးပို့ထားသော စာမူမဟုတ်ကြောင်း ဝန်ခံကတိပြုရမည်ဖြစ်ပြီး စာမူအမည်၊ကလောင်အမည်များကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကာ အခြား ဆရာကြီး၊ဆရာမကြီးများ၏ စာပေလက်ရာများကို တိုက်ရိုက်ကူးယူခြင်း၊မှီငြမ်းခြင်းမရှိသည့် ကိုယ်တိုင်ရေးစာမူဖြစ်ရမည်ဖြစ်သည်။

စာမူနှင့်ပတ်သက်၍ အငြင်းပွားဖွယ်တစ်စုံတစ် ရာ ပေါ်ပေါက်လာပါက စာမူရှင်ကိုယ်တိုင် တာဝန်ခံဖြေရှင်းပေးရမည်ဖြစ်ကာ စာမူပေးပို့ရာတွင်ကိုယ်ရေးအကျဉ်း၊ကိုယ်တိုင်ရေးဖြစ်ကြောင်း ဝန်ခံချက်၊ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပတ်တို့ကိုပူးတွဲ၍ ဧပြီ ၁ ရက်မှ ၂၅ ရက်အတွင်း [email protected] သို့ ပေးပို့ရမည်ဖြစ် သည်။

“ပုံနှိပ်မီဒီယာမှာရေးကွက်ရှားနေတာမို့ တဖက်တလမ်းက ဖြည့်ဆည်းပေးကြည့်တာပါ။စာမူရွေးချယ်ရေးကော်မတီမှာ​တော့ စာရေးသူ၊ထုတ်ဝေသူတွေပါတဲ့ MPBA အသင်းကြီးရဲ့ အလုပ်အမှုဆောင်တွေနဲ့ စာ​ရေးဆရာဆရာမကြီး​တွေ ပါပါလိမ့်မယ်”ဟု စာ​ပေထုတ်​ဝေ/ဖြန့်ချီအသင်းမှ တာဝန်ရှိသူတစ်ဦးက ​​​ဖြေကြား​ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here