ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘလောက်တုံးများအား၀င်တိုက်မိဖြစ်ပွား

0
165

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘလောက်တုံးများအား၀င်တိုက်မိမှု ယနေ့ (ဧပြီလ ၂ ရက် ) နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၄/၅)နှင့် (၇၄/၆)ကြားတွင် ယနေ့ မွန်းလွှဲ ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က Brevis (ခဲရောင်ယာဉ်)(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘလောက်တုံးများအား တိုက်မိမှုဖြစ်ပွားခဲ့သည့်အတွက် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရသည်။

” အရှိန်ကပြင်းတော့ ကားခေါင်းခန်းကြေမွသွားပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူ တစ်ဦးပဲရှိပါတယ်၊ မစိုးရိမ်ရပါဘူး” ဟု လူမှုကူညီရေးအသင်း၀င်တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၃)ဦးအနက် မ(၁)ဦးသာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here