အရောင်းအဝယ်ကိစ္စအတွက် ဆိုင်ကယ်ဖြင့်နေအိမ်မှထွက်လာသူကို သေနတ်ဖြင့်ပစ်သတ်ခဲ့မှု မြင်းခြံမြို့နယ်တွင်ဖြစ်ပွား

0
433

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ညောင်ပင်ကျေးရွာနေ ဦးနန်းတင် (၄၈)နှစ်သည် ဧပြီ ၁ ရက်ညနေက နေအိမ်မှတစ်ဦးတည်းဆိုင်ကယ်ဖြင့်ထွက်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီ ၁၅ မိနစ််ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက အရောင်း အဝယ်ကိစ္စအတွက် နေအိမ်မှတစ်ဦးတည်းဆိုင်ကယ်ဖြင့် သင်ပြွန်းရွာသို့ထွက်လာသည့် မြင်းခြံမြို့နယ်၊ညောင်ပင်ကျေရွာနေ ဦးနန်းတင်အား သင်ပြွန်းကျေးရွာအနီးအရောက် သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ဦးနန်းတင်၏ နောက်ကျော၊ညာပုခုံးနှင့်ညာပါးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား မြင်းခြံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အခုသေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတဲ့လူက စျေးရောင်းတဲ့လူတစ်ယောက်ပါ။ အရောင်းအဝယ်ကိစ္စစကားပြောဖို့ထွက်လာတုန်းပစ်ခံရတယ်လို့သိထားတယ် ။ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here