နမ့်လန် – သီပေါကားလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ၂ ဦးသေဆုံး

0
284

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နမ့်လန် – သီပေါကားလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးမှု ယနေ့ (‌ဧပြီ ၂ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

နမ့်လန် – သီပေါကားလမ်းမကြီး၊ကောင်းဟတ်ကျေးရွာအ၀င်၊ မိုင်တိုင်အမှတ်(၁၃၀/၄) တွင် ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က လမ်းဘေးချောက်အတွင်းသို့မှန်လုံကားတစ်စီးထိုးကျတိမ်းမှောက်မှုကြောင့် နမ့်လန်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ.ဝင်များနှင့် ဖြူစင်မေတ္တာပရဟိတအသင်းတို့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ခရီးသည် (၂)ဦး ၊ စုစုပေါင်း(၄)ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အတွက် နမ့်လန်ပြည်သူ့ဆေးရုံ ၊ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း (နမ့်လန်)


LEAVE A REPLY

Please enter your comment!
Please enter your name here