ပါမောက္ခချုပ်ဆရာတော်ကြီးမှ နိုင်ငံခြားသားများအားတရားရှုမှတ်ခြင်းဆိုင်ရာ​များကိုတနင်္ဂ​နွေတိုင်းပို့ချ

0
334

ပညာဘူမိတက္ကသိုလ်၏ သဘာပတိ၊ပါမောက္ခ ချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသမှ နိုင်ငံခြားသား/သူများကို ဝိပဿနာတရားရှူမှတ်အားထုတ်ခြင်းဆိုင်ရာ တရားဒေသနာများအား ဧပြီ ၂ ရက်က သင်ကြားပို့ချပေးခဲ့သည်။

ဥရောပတိုက်အနောက်မြောက်ဒေသ နယ်သာလန်နိုင်ငံအပါအဝင် နိုင်ငံစုံမှ ဗုဒ္ဓတရားတော်များအား ဆည်းပူးလေ့လာသင်ယူလိုသည့် နိုင်ငံခြားသား/သူများကို Sunday English Vipassana Meditation Lecture အဖြစ် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားပို့ချပေး​နေခြင်းဖြစ်သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဗုဒ္ဓတရားတော်များအား ဆည်းပူးသင်ယူလိုသည့် နိုင်ငံခြား သား/သူများကို ဝိပဿနာတရားရှူမှတ်အားထုတ်ခြင်းဆိုင်ရာ တရားဒေသနာများအား ၂၀၂၂ ခုနှစ်၊အောက်တိုဘာလမှစ၍ အပတ်စဉ်တနင်္ဂ​​နွေတိုင်း Institute of Dhamma Education Program ဓမ္မသင်တန်းများအဖြစ် သင်ကြားပို့ချလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here