အမေရိကတွင် မုန်တိုင်းများ တိုက်ခိုက်မှုကြောင့် လူ ၃၂ ဦး ထက်မနည်း သေဆုံး

0
174

အမေရိကန်ပြည်ထောင်စု၏ တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်း ဒေသများတွင် မုန်တိုင်းများ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိလာခဲ့ကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

တန်နက်ဆီ ပြည်နယ် မန်ဖစ်မြို့တွင် မုန်တိုင်းကြောင့် နေအိမ်များပေါ်သို့ သစ်ပင်များပြိုလဲခဲ့ပြီးနောက် ဧပြီလ ၁ ရက် စနေနေ့တွင် ကလေးငယ်နှစ်ဦးနှင့် လူကြီးတစ်ဦး သေဆုံးခဲ့ကြောင်း မန်ဖစ် ရဲဌာနက ထုတ်ပြန်ထားသည်။

သေဆုံးသူများမှာ အလာဘားမား၊ အာကန်ဆော၊ ဒဲလ်ဝဲလ်၊ အီလီနွာ၊ အင်ဒီယားနား၊ မစ္စစ္စပီနှင့် တန်နက်ဆီ ပြည်နယ်တို့မှ ဖြစ်ပြီး တန်နက်ဆီ ပြည်နယ် တစ်ခုတည်းတွင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောခဲ့သည်။ အာကန်ဆော ပြည်နယ်တွင်မူ လူ ၅ ဦး မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် မုန်တိုင်းများနှင့် လေဆင်နှာမောင်းများကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။ သမ္မတ ဘိုင်ဒင်သည် တနင်္ဂနွေနေ့တွင် အာကန် ဆော ပြည်နယ်၌ ဖြစ်ပျက်နေသာ အခြေအနေအား သဘာဝ ကပ်ဘေးကြီးအဖြစ် ကြေညာခဲ့ပြီး အစိုးရအဖွဲ့အား ပြန်လည်ထူထောင်ရေးတွင် အကူအညီများပေးသွားရန် မှာကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here