ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပုံ ပါခဲ့တဲ့အတွက် ပြင်သစ်ဝန်ကြီး ဝေဖန်ခံ နေရ

0
305

ပြင်သစ်နိုင်ငံမှာ အမျိုးသမီး ဝန်ကြီးတစ်ယောက်ဟာ ပလေးဘွိုင်း မဂ္ဂဇင်းမျက်နှာဖုံးမှာ ဓါတ်ပုံ ပါခဲ့တဲ့အတွက်‌ ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

သူကတော့ မာဗလင် စကတ်ပါ ဖြစ်ပြီး လူမှုစီးပွားရေးနဲ့ ပြင်သစ်အသင်းအဖွဲ့များဆိုင်ရာ ဝန်ကြီး ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ LGBT အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက ဝန်ကြီးဖြစ်လာသူပါ။

စကတ်ပါ ပါဝင်ခဲ့တဲ့ ပလေးဘွိုင်း မဂ္ဂဇင်းဟာ အပြာမဂ္ဂဇင်းတော့မဟုတ်ပေမဲ့ သူ့မှာ ပါဝင်တဲ့ မော်ဒယ် ဒါမှမဟုတ် နာမည်ကြီးတွေရဲ့ ကိုယ်လုံးချွတ်ပုံတွေကြောင့် လူသိများပါတယ်။

အခုလိုလုပ်ရပ်ကြောင့် စကတ်ပါ ဟာ ပြင်သစ်ဝန်ကြီးချုပ် အဲလိဇဘက် ဘွန်း အပါအဝင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဆီက ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ အဲဒီမဂ္ဂဇင်းမှာ နိုင်ငံရဲ့ ဝန်ကြီးတစ်ယောက် ကိုယ်တိုင် ပါဝင်ဖော်ပြလာတာဟာ အချို့ပြည်သူတွေကို အတွေးအခေါ် အမှားတွေ ကို ဖြစ်စေတယ်လို့ ပြည်သူတစ်ယောက် က ပြောလာပါတယ်။

စကတ်ပါ ကတော့ သူကို ဝေဖန်တဲ့သူတွေကို “အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ် ကိုယ် ပိုင်တယ်ဆိုတဲ့ အခွင့်အရေးကို နေရာတိုင်း၊ အချိန်တိုင်းမှာ ကာကွယ်နေရပါတယ်။ ပြင်သစ်မှာတော့ အမျိုးသမီးတွေ လွတ်လပ်တယ်ဆိုတာ ပုတ်ခတ်သူတွေနဲ့ ကြောင်သူတော်တွေကို ရိုသေလေးစားစွာနဲ့ အသိပေးလိုပါတယ်” ဆိုပြီး စနေနေ့က တွစ်တာပေါ်မှာ တုံ့ပြန်ခဲ့ပါတယ်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here