ထိုင်ဝမ်သည် ဟွန်ဒူးရပ်စ်နှင့်သံတမန်ဆက်ဆံရေးပျက်ပြားပြီးနောက် ဂွါတီမာလာနှင့်ဆက်ဆံရေးတိုးမြှင့်

0
219

ဂွါတီမာလာစီးတီး၊ဧပြီ ၃

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် ဟွန်ဒူးရပ်စ်နှင့်သံတမန်ဆက်ဆံရေးပျက်ပြားပြီးနောက်အနည်းငယ်သော မဟာမိတ်များထဲမှတစ်နိုင်ငံဖြစ်သည့် ဂွါတီမာလာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ၎င်း၏သုံးရက်တာခရီးစဉ်အတွင်း ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ဂွါတီမာလာသို့ရောက်ရှိနေစဉ် ဆိုင်သည် ကျေးလက်ဒေသများကို ခေတ်မီစေရန် အမေရိကန်ဒေါ်လာ ၄ သန်းသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်လည်းကတိပြုခဲ့သည်။

ဂွါတီမာလာသို့ သမ္မတဆိုင်မရောက်ရှိမီက၎င်းသည် နူးယော့ခ်၌လေယာဉ်အချိန်းအပြောင်းလုပ်ခဲ့ပြီး ယင်းသို့လုပ်ချိန်၌ အမေရိကမှ တာဝန်ရှိသူများအ‌နေနှင့် သမ္မတဆိုင်အင်ဝမ်နှင့်မတွေ့ရဟု တရုတ်ဘက်ကပြောကြားခဲ့သည်။

ဂွါတီမာလာသမ္မတကမူ ထိုင်ဝမ်သမ္မတဆိုင်လာရောက်လည်ပတ်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ကာ “ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေခဲ့တဲ့ ဒီခရီးစဉ်‌က ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှိနေမှာပါ” ဟုလည်းပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here