မုဒုံတွင် ဆိုက်ကားမှောက်ပြီး ဆိုက်ကားသမား ကန်ထဲပြုတ်ကျကာ ရေနစ်သေဆုံး

0
269

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အနှေးယာဥ်(ဆိုက်ကား) တိမ်းမှောက်ကာ နင်းလာသူမှာ ကန်အတွင်း ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဧပြီလ (၃) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၆) နာရီ ဝန်းကျင်က မုဒုံမြို့ ကန်တော်ကြီး မင်္ဂလာကန်အနီးတွင် အနှေးယာဉ် တိမ်းမှောက်ကာ အနှေးယာဉ်နင်းသူမှာ ကန်အတွင်းသို့ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ရဲ့မိတ်ဖက်အသင်း ကန်ကြီးလူမှုကူညီရေးအသင်း(K-Rescue)က အကြောင်းကြားလို့ သွားပြီးကူညီပေးခဲ့တာပါ။ ရဲတွေလာပြီး စစ်ဆေးတယ်။ သေမှုသေခင်းလည်း ဖွင့်ထားတယ်လို့ သိရပါတယ်”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ အနှေးယာဉ်နင်းသူအား မြန်မာ့လူငယ်အရေး​ပေါ် ကယ်ဆယ်ရေးအဖွဲ့ (Y-Rescue)မှ မိတ်ဖက်အသင်းများနှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်ခဲ့ဆောင်ခဲ့ရာ မုဒုံမြို့၊ စာစင်အလယ်ပိုင်း၊ မုန့်တီချောင်းလမ်းနေ ဦးသိန်းထွန်း (ခ) ဦးတာပေါ (၅၈) နှစ်အား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သဖြင့် ရုပ်အလောင်းအား မုဒုံမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – Y-Rescue


LEAVE A REPLY

Please enter your comment!
Please enter your name here