City Mart အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသည့်လင့်ထဲသို့မဝင်ရောက်ကြရန် အသိပေး

0
247

လတ်တလောတွင် City Mart အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေခြင်းကြောင့် သုံးစွဲသူမိဘပြည်သူများအနေဖြင့် ယင်းလင့်ထဲသို့မဝင်ရောက်ရန် City Mart Supermarket Myanmar မှတရားဝင်အသိပေးထုတ်ပြန်ထားသည်။

City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေပြီး ယင်းအစီအစဉ်သည် City Mart Supermarket မှပြုလုပ်သည့် အစီအစဉ်မဟုတ်ကြောင်း ၊ ယင်းကြောင့် ဈေးဝယ်သူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန်နှင့်ထပ်မံပျံ့နှံ့မှုမရှိစေရန် ၎င်းနှင့်သက်ဆိုင်သော လင့်များသို့ဝင်ရောက်ခြင်း၊ ဖြန့်ဝေခြင်းများမပြုရန် အသိပေးထားသည်။

City Mart Supermarket မှ ဦးဆောင်ပြုလုပ်သည့် Promotion နှင့် ကံစမ်းမဲအစီအစဉ်များသည် City Mart Supermarket Official Facebook Page (သို့မဟုတ်) ဆိုင်အတွင်းကြော်ငြာစာများမှ ကြေညာမှသာ တရားဝင်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here