အိန္ဒိယဝန်ကြီးချုပ်သည် ကမ္ဘာ့ရေပန်းအစားဆုံး‌ခေါင်းဆောင်ထပ်မံဖြစ်လာဟုဆို

0
158

အိန္ဒိယ၀န်ကြီးချုပ်နရင်ဒရာမိုဒီသည် ကမ္ဘာတစ်ဝန်း၌ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးအဖြစ်ထပ်မံ‌ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။ 

Morning Consult ကပြုလုပ်သော စစ်တမ်းအရ ၀န်ကြီးချုပ်မိုဒီသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ယူကေဝန်ကြီးချုပ် ရီရှီဆူးနက်ခ်တို့အားကျော်လွန်၍ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်း ရရှိခဲ့ကာ မက္ကဆီကိုသမ္မတ အန်ဒရီမန်ဝဲလို ပေး အော်ဘရာဒါ က ထောက်ခံချက် ၆၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာရရှိခဲ့ပြီး ကန်သမ္မတဂျိုးဘိုင်ဒင်မှာမူ ၎င်း၏နေရာမှ လွဲချော်သွားခဲ့သည်ဟုဖော်ပြထားသည်။

ယခုစစ်တမ်းအား နိုင်ငံတစ်ခုစီမှ အသက်အရွယ်၊လိင်၊ဒေသအလိုက်တွက်ဆကာ အချို့နိုင်ငံများတွင် အစိုးရက တရားဝင် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းဖြစ်ပြီး စစ်တမ်းဖြေဆိုသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ဘာသာစကားဖြင့်ဝင်ရောက်ဖြေဆိုနိုင်သည်ဟုလည်း Morning Post ကဖော်ပြထားသည်။

Source – WION


LEAVE A REPLY

Please enter your comment!
Please enter your name here