Vogue မဂ္ဂဇင်းရဲ့ အသက်အကြီးဆုံး ကာဗာမော်ဒယ်ဖြစ်လာတဲ့ အသက် ၁၀၆ နှစ်အရွယ် အဘွား အပို ဝန်အော့ဂ်

0
247

Vogue ဖိလစ်ပိုင်ရဲ့ ဧပြီလထုတ် မဂ္ဂဇင်းကာဗာမှာ ဖော်ပြခံခဲ့ရတဲ့ အသက် ၁၀၆ နှစ်အရွယ် အပို ဝန်အော့ဂ် ဟာ Vogue မဂ္ဂဇင်းရဲ့ အသက်အကြီး ကာဗာမော်ဒယ် ဖြစ်ခဲ့လာပါတယ်။

အဖွားကို မာရီယာ အာ့ဂေးလို့လည်း ခေါ်ပြီး mambabatok လို့ခေါ်တဲ့ ရိုးရာတက်တူးထိုး ဆရာတစ်ဦး ဖြစ်ပါတယ်။ တုတ်ချောင်းနဲ့ ဆူးကိုသာ ဆေးထိုးစုတ်တံအဖြစ် အသုံးပြုရတဲ့ ရိုးရာတက်တူးထိုး ဆရာတွေထဲမှာလည်း အသက်အကြီးဆုံး ဖြစ်ပါတယ်။

ဝန်အော့ဂ် ဟာ ကလင်ဂါပြည်နယ်ရှိ ဖိလစ်ပိုင်မြို့တော် မနီလာကနေ မြောက်ဘက်ကို ၁၅ နာရီကြာ ကားမောင်းသွားရတဲ့ ဘူစကာလန် လို့ခေါ်တဲ့ လူသူအရောက်ပေါက်နည်းတဲ့ ရွာမှာ နေထိုင်နေပါတယ်။

Mambabatok တွေဟာ သူတို့ရဲ့ ပညာရပ်တွေကို သားသမီးတွေကိုသာ လက်ဆင့်ကမ်းပေးရပါတယ်။ ဒါပေမယ့် အဖွားမှာတော့ ကိုယ်ပိုင်သားသမီး မရှိတာကြောင့် အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ တူမလေး ဂရေ့ ပါလီကာစ် ကိုသာ ရိုးရာတက်တူးထိုးပညာတွေ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ရတယ်လို့ သိရပါတယ်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here