သုဝဏ္ဏအားကစားကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ယာဉ်ပေါ်ပါ ကျား ၂ ဦးသေဆုံး

0
276

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုယမန်‌နေ့ (ဧပြီ ၃ ရက်) ညပိုင်းကဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကျား ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ယမန်နေ့ည ၁၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် Honda Fit အမျိုးအစားယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးပလက်ဖောင်းကို တိုက်မိကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

” လူငယ်တွေပဲ၊ လမ်းဘေးပလက်ဖောင်းကို တိုက်မိပြီး ‌မှောက်သွားတာ အရှိန်တော်တော်များတယ်၊ ကားတစ်စီးလုံးရစရာမရှိအောင်ပျက်စီးသွားတယ် ” ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးသွားပြီး နောက်ထပ်လူငယ်တစ်ဦးမှာ ဆေးရုံအ၀င်တွင် ထပ်မံသေဆုံးသွားကြောင်းနှင့် လူငယ်အမျိုးသမီးမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ဘဲ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဓာတ်ပုံ – Medical လူငယ်များလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here