ပေကျင်းနှင့် မော်စကိုကြား သွေးခွဲရန် အနောက်အုပ်စု ကြိုးပမ်းနေဟုရုရှား နိုင်ငံခြားရေးဝန်ကြီးဆို

0
202

အနောက်အုပ်စုသည် မော်စကိုက ပေကျင်းအပေါ် မှီခိုနေရကြောင်းနှင့် တရုတ်က ရုရှားအပေါ် မမျှမတ ဩဇာလွှမ်းမိုးနေကြောင်း ပြောဆိုကာ ၎င်းတို့ကြား သပ်လျှို သွေးခွဲရန် ကြိုးပမ်းနေသည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ဧပြီလ ၄ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားတို့သည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အကန့်မသတ်ရှိမိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးခဲ့သည့်အပြင် ပြီးခဲ့သည့်လက ရှီနှင့် ပူတင်တို့ တွေ့ဆုံပြီးနောက် ၎င်းတို့နှစ်နိုင်ငံကြားရှိ ဆက်ဆံရေးမှာ ပိုမိုအားကောင်းခိုင်မာလာခဲ့သည်။

ထို့ကြောင့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များက တရုတ်နှင့် ရုရှားကြားရှိ ဆက်ဆံရေး အလွန်ကောင်းမွန်လာမှုသည် ယူကရိန်းအရေးအခင်းအပေါ် သက်ရောက်လာမည်ကို စိုးရိမ်လာပြီး သတိပေးမှုများ လုပ်လာခဲ့သည်။ သို့ရာတွင် လာရော့ဗ်က ယင်းပြောဆိုချက်များကို ပေကျင်းနှင့် မော်စကိုကြားရှိ ဆက်ဆံရေးအား အမြင်မကြည်သော နိုင်ငံများက ပုံကြီးချဲ့ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ထိုအင်တာဗျူးအတွင်း လာရော့ဗ်က ဥရောပသမဂ္ဂက မော်စကို ကိုရန်လိုနေမှုများသည် ယူကရိန်းနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှုများတွင် ၎င်းတို့ ရုရှားထံ ရှုံးနိမ့်သွားခြင်းကို ပြသနေကြောင်းနှင့် လိုအပ်လာပါက မော်စကိုသည် ဥရောပအား တင်းတင်းမာမာ ဆက်ဆံသွားရန် ရည်ရွယ်ထားကြောင်း ပြောလာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here