စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်ထံမှ ဓားပြတိုက်လုယက်ယူသွား
သည့် ငွေကျပ်သိန်း ၃၀၀ ကျော်နှင့် ရွှေထည်ပစ္စည်းများ ညတွင်းချင်းပြန်ရ

0
310

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိုနယ်၊ တောင်ဦးကျေးရွာရှိ “တော်ဝင်နှင်းဆီ” စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်အား လက်နက်ကိုင်ဆောင်ထားသူ (၇)ဦးက သေနတ်ဖြင့်ထောက်ကာ ငွေကျပ်သိန်း(၃၀၀)နှင့် လက်ဝတ်ရတနာများယူဆောင်သွားမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လုယက်ယူဆောင်သွားသည့် ငွေနှင့် လက်ဝတ်ရတနာများကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဧပြီလ (၃) ရက် ည(၇)နာရီဝန်းကျင်က လက်နက်ကိုင်ဆောင်ထားသူ (၇) ဦးသည် တော်ဝင်နှင်းဆီ စက်သုံးဆီဆိုင်သို့ ဆိုင်ကယ်(၄)စီးဖြင့် ရောက်ရှိလာကာ ဆိုင်ကယ်ဆီဖြည့်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆီဖြည့်နေစဉ် ၎င်းတို့အထဲမှ (၁) ဦးသည် စက်သုံးဆီဆိုင်ပိုင်ရှင်အား သေနတ်ဖြင့်ထောက်၍ ခြံဝန်း အတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ဆိုင်ပိုင်ရှင်ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် စက်သုံးဆီဆိုင်အတွင်းရှိ ငွေကျပ်သိန်း ၃၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“သူတို့ ဓားမြတိုက်ပြီး ယူသွားတဲ့ ပစ္စည်းတွေအကုန်ပြန်ရပါတယ်။ ပြစ်မှုကျူးလွန်တဲ့ လူတွေကို ဖမ်းဆီးရမိဖို့ အတွက်လည်း လုံခြုံရေးအဖွဲ့ဝင်တွေက ပိတ့်စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေတယ်”ဟု လုံခြုံရေးအ ဖွဲနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးအ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျောက်ပန်းတောင်း – မြင်းခြံသွားကားလမ်း၏
စိတ္တိန်းလမ်းခွဲတွင် ဆိုင်ကယ် (၁) စီးအား တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အားထား၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယင်းဆိုင်ကယ်နှင့်အတူ ဆာလာအိတ် (၁) အိတ်အား တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ “တော်ဝင်နှင်းဆီ” စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်ထံမှ ဓားမြတိုက်လုယက်ယူဆောင်သွားခဲ့သည့် ငွေကျပ်သိန်း ၃၀၀ ကျော် နှင့် ရွှေထည်ပစ္စည်းများအား ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here