လားရှိုး အန္တရာယ်ကုန်းဆင်းတွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်အား အိမ်စီးကားက ဝင်တိုက်၍ (၃) ဦးဒဏ်ရာရ

0
130

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး – သိန္နီသွားပြည်ထောင်စုလမ်းမကြီး (၉) မိုင်လမ်းခွဲရှိ အန္တရာယ်ကုန်းဆင်းတွင် ဧပြီ (၄) ရက် နံနက် (၁၀) နာရီခွဲဝန်းကျင်က ရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကား အိမ်စီးကားဖြင့် ဝင်တိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

အန္တရာယ်ကုန်းဆင်းတွင် သစ်သီးများတင်၍ ရပ်ထားသည့် သုံးဘီးဆိုင်ကယ်အား အိမ်စီးကားမှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး သုံးဘီးဆိုင်ကယ်ပေါ်ရှိ အမျိုးသား (၃) ဦးနှင့်အမျိုးသမီး (၁) ဦးတို့အနက် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသ ည်။

“အားလုံးပေါင်း (၄) ယောက်ပါတာမှာ (၃) ယောက်ဒဏ်ရာရတယ်။ အဘွားအိုတစ်ယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာရသွားတာပေါ့။ အိမ်စီးကားမောင်းတဲ့လူကထွက်မပြေးပါဘူး။ ဒဏ်ရာရတဲ့လူတွေကို ဖြစ်စဥ်အစကနေစပြီး ဆေးရုံရောက်တဲ့အထိ လိုအပ်တာတွေလိုက်ပြီးကူညီပေးခဲ့တယ်”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်း ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရသူများကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here