CNG ရရှိမှုအခက်အခဲကြောင့် YBS ယာဉ်အစီးရေ အပြည့်မထွက်နိုင်ဟု YRTC ပြော

0
152

လတ်တလောတွင် CNG ရရှိမှုအခက်အခဲကြောင့် မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များလုံလောက်စွာမထွက်ရှိနိုင်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

“ CNG ကတော့တန်းစီနေရတာပေါ့။ လျှပ်စစ်မီးရရှိတဲ့ပေါ်မူတည်ပြီး တန်းစီရတာပေါ့။ စီးတဲ့ခရီးသည်ကလျော့မသွားဘူ။ ကားကတော့ အစီးရေလျော့ကျသွားတယ်။ ၂၀ ရာခိုင်နှုန်းလောက်က CNG တန်းစီနေရတာ”ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးလုံလုံလောက်လောက်မရရှိသည့် အတွက် YBS ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ရုံးတက်၊ ရုံးဆင်းအချိန်တွင် လုံလောက်စွာပြေးဆွဲနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ယခင်က YBS ယာဉ်အစီးရေ ၃၅၀၀ ဝန်းကျင်ဖြင့် ပြေးဆွဲပေးရာမှယခုရက်ပိုင်းတွင် အစီးရေ ၃၃၀၀ ဝန်းကျင်ဖြင့်သာပြေးဆွဲပေးနေပြီး ခရီးသည် ၁၄ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here