မြန်မာ – အိန္ဒိယနှစ်နိုင်ငံ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စများဆွေးနွေး

0
167

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ အစိုးရကြား ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများ ထိန်းသိမ်းရေး ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာလုပ်ငန်း အစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့် ကျွမ်းကျင်မှုပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံ တာဝန်ရှိသူများအကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို ဧပြီလ (၃) ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နစက၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ၊ ဒု – ဝန်ကြီးဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here