သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုမဖြစ်စေရန် ယာဉ်ကြောရှင်းလင်းရေးလုပ်မည်

0
118

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားမှုမရှိစေရန်အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် လမ်းပေါ်တွင် ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

အကယ်၍ ယာဉ်မတော်ဆမှုဖြစ်ပွားခဲ့ပါက ဆေးရုံသို့ အချိန်မှီပို့ဆောင်နိုင်ရန်နှင့်ရှေးဦးသူနာပြုနည်းလမ်းဖြင့် ကုသနိုင်ရန် မော်တော်ဆိုင်ကယ်များ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကားများ၊ ဆေးသေတ္တာများ၊ တပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားထားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်လာသည့် ပြည်သူလူထု ဘေးအန္တရာယ်ကင်းစေရန် ယာဉ်မောင်းသူတွေအနေဖြင့် အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်း မပြုရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း စနစ်တကျမောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်ပြီး မောင်းနှင်ခြင်းများ မပြုလုပ်ရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here