တုကီယေးငလျင်အပျက်အစီးများအောက်မှပြန်ကယ်တင်နိုင်ခဲ့သည့်ကလေးငယ် မိခင်နှင့်ပြန်ဆုံစည်းရပြီ

0
398

အန်ကာရာ၊မတ် ၄

တုကီယေးတောင်ပိုင်း၌ ငလျင်ကြောင့်ပြိုကျပျက်စီးနေသည့် အပျက်အစီးများအောက်မှ ပြန်ကယ်တင်နိုင်ခဲ့သူကလေးငယ်သည် ၅၄ ရက်ကြာပြီးနောက် ၎င်း၏မိခင်နှင့်ပြန်လည်ဆုံစည်းခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်သည် သုံးလအရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့များ၎င်းကိုရှာတွေ့ချိန်၌ ငလျင်လှုပ်ပြီး ၁၂၈ နာရီကြာပြီဖြစ်သည်။၎င်းကိုရှာတွေ့ပြီးနောက် အန်ကာရာမြို့ရှိ ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။

ယင်းနောက် ရက်ပေါင်း ၅၄ ရက်ကြာပြီးမှ ၎င်း၏မိခင်နှင့်ပြန်လည်ဆုံစည်းခဲ့ခြင်းဖြစ်ကာ သားအမိဖြစ်ကြောင်း ဒီအင်န်အေဖြင့်စစ်ဆေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

ကလေးငယ်၏ဖခင်နှင့် အစ်ကိုနှစ်ယောက်မှာမူ ငလျင်ဘေးကြောင့်အသက်ဆုံးရှုံးသူများထဲ၌ ပါဝင်သွားကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါငလျင်သည် တုကီ‌ယေးနှင့်ဆီးရီးယားနှစ်နိုင်ငံမှ လူ စုစုပေါင်း ၅၀,၀၀၀ ကျော်ကို သေဆုံးစေခဲ့သည်။

Source : ခမာတိုင်းမ်စ်

စာကြွင်း : ယခုကလေးငယ်သည် မွေးကင်းစ ချက်ကြိုးတန်းလန်းဖြင့်ကယ်တင်နိုင်ခဲ့သောကလေးငယ်မဟုတ်ပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here