ထိုင်ဝမ်သမ္မတနှင့်မတွေ့ရန် ကန်အောက်လွှတ်တော်ဥက္ကဌအား တရုတ်သတိပေး

0
385

ပေကျင်း၊မတ် ၄

တရုတ်သည် အမေရိကန်အောက်လွှတ်တော်‌ဥက္ကဌ ကယ်ဗင်မက်ကာသီအား ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့်မတွေ့ရန် သတိပေးခဲ့ပြီး ယခင်လုပ်ခဲ့သောအမှားများကို ထပ်ခါထပ်ခါမလုပ်ရန်လည်းသတိပေးခဲ့သည်။

ယင်းသို့ပြုလုပ်ခြင်းသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကိုအထောက်အကူမဖြစ်စေဘဲ တရုတ်လူမျိုးများကိုသာ ဘုံရန်သူအတွက် ပိုမိုစည်းလုံးသွားစေသည်ဟုဆိုခဲ့သည်။

သမ္မတနှင့်ဒုသမ္မတများပြီးနောက် တတိယမြောက်အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ မက်ကာသီသည် ဆိုင်နှင့်ကလီဖိုးနီးယား၌ ဗုဒ္ဓဟူးနေ့တွင် အစည်းအဝေးလက်ခံကျင်းပမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတသည် ဗဟိုအမေရိကသို့ သွားရောက်ပြီး အပြန်၌ အမေရိက၌ လေယာဉ်ချိန်းမည်ဖြစ်ပြီး ယင်းကာလအတွင်း ကန်အောက်လွှတ်တော်ဥက္ကဌနှင့်တွေ့ဆုံနိုင်ကြောင်းလည်း ခန့်မှန်းထားကြသဖြင့် တရုတ်ဘက်မှယခုကဲ့သို့ သတိပေးစကားဆိုခဲ့ခြင်းဖြစ်သည်။

မက်ကာသီသည် ရှေ့အစဉ်အဆက် အမေရိကန်တာဝန်ရှိသူများလမ်းစဉ်အတိုင်း အမှားများကို ထပ်ခါတလဲလဲပြုလုပ်လျက် ထိုင်ဝမ်အရေး၌ ပါဝင်ရန်ကြိုးပမ်းနေသည်ဟုလည်း တရုတ်က ဝေဖန်ခဲ့သည်။

အင်္ဂါနေ့က ပေကျင်း၌ သတင်းထောက်များနှင့် စကားပြောရာတွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့်နိုင်ငံ့အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအတွက် အနီးကပ်စောင့်ကြည့်ပြီး ပြတ်ပြတ်သားသားကာကွယ်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here