၃၁ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် ဖင်လန်နိုင်ငံ ဖြစ်လာ

0
153

ဖင်လန်နိုင်ငံသည် ယူကရိန်း အရေးအခင်းအတွင်း နေတိုး အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပက္ကာ ဟာဗတ်စတို သည် ဧပြီလ ၄ ရက် အင်္ဂါနေ့တွင် ဘရပ်ဆဲလ်ရှိ နေတိုးဌာနချုပ်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန် အား တရားဝင် စာရွက်စာတမ်း လွှဲပြောင်းပေးခြင်းဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ် က နေတိုးအဖွဲ့ဝင် ဖြစ်လာသည့် ဖင်လန်အား “ဖင်လန်လုံခြုံရေးအတွက် စိတ်ချရတဲ့ နေ့တစ်နေဖြစ်လာပါပြီ။ နော်ဒစ်နိုင်ငံတွေအတွက်ရော၊ နေတိုးမဟာမိတ်တစ်ဖွဲ့လုံး အတွက်ရောပေါ့” ဟုဆို၍ ကြိုဆိုဂုဏ်ပြုခဲ့သည်။

ဖင်လန်သည် ရုရှားနှင့် ၁၃၀၀ ကီလိုမီတာ ထိစပ်နေသည့်အတွက် နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားကြား နယ်နိမိတ် ထိစပ်မှုသည် နှစ်ဆနီးပါး တိုးလာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ၎င်း၏ လုံခြုံရေးကို ခြိမ်းခြောက်လာနေသည်ဟု ခံစားနေရသော ရုရှားသည် ၎င်းနိုင်ငံ၏ အနောက်နှင့် အနောက်မြောက်ဒေသများတွင် တပ်အင်အားကို တိုးမြှင့်ချထားခြင်းဖြင့် တုံံ့ပြန်သွားမည်ဟု ပြောလာခဲ့သည်။

ဖင်လန်နှင့်အတူ နေတိုးအဖွဲ့ဝင် ဖြစ်ရန် လျှောက်ထားခဲ့သော ဆွီဒင်ကမူ တုကီးယေးနှင့် ဟန်ဂေရီ နိုင်ငံတို့၏ ထောက်ခံချက် မရရှိသေးသည့်အတွက် အဖွဲ့ဝင် ဖြစ်လာရန်အတွက် စောင်ဆိုင်းနေရဦးမည် ဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here