ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကိုတာကန့်သတ်ချက်မရှိဘဲ ကာဂို အသင့်ဖြစ်ရန်သာ လိုအပ်ဟုဆို

0
189

ပြည်ပသို့ဆန်တင်ပို့ရာတွင် Quota ကန့်သတ်ချက်အနေဖြင့် သတ်မှတ်မထားဘဲ တင်ပို့မည့် Cargo အသင့်ဖြစ်နေရန်သာ လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ ဆန်နှင့် ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ နှစ်စဉ် တန်ချိန် ၂ သန်း တင်ပို့နေခြင်းဖြစ်ပြီး ယခု ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒဿမ ၅ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။

နှစ်စဉ် ပြည်ပဆန်တင်ပို့မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် ဥရောပ နိုင်ငံများနှင့် တရုတ် ၊ ထိုင်း အပါအဝင် အာရှနှင့် တောင်အာရှနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။

အသေးစား၊အငယ်စားနှင့် အလတ်စားကုမ္ပဏီများ အနေ ဖြင့် ပြည်ပသို့ ဆန်/ဆန်ကွဲ ပို့ကုန်လိုင်စင်များ လျှောက် ထားရာတွင် တန် (၂၆၀) နှင့် အောက်လျှောက်ထားမှုအတွ က်  “ဆန်/ဆန်ကွဲဝယ်ယူ စုဆောင်ထားရှိမှု အခြေအနေ ကွင်းဆင်းစိစစ် သုံးသပ်ရေးအဖွဲ့” မှ မြေပြင်အခြေအ နေကို ကွင်းဆင်းစစ်ဆေးခြင်းမပြုဘဲ ခွင့်ပြုသွားမည်ဖြ စ်ပြီး ဒုတိယအကြိမ် ထပ်မံလျှောက်ထားလာပါက ပထမအကြိမ်၏ ED ကို ပူးတွဲတင်ပြ လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် တန် (၂၆၀) နှင့်အထက် လိုင်စင်လျှောက်ထားမှုများအတွက် “ဆန်/ဆန်ကွဲဝယ်ယူစုဆောင်ထားရှိမှု အ ခြေအနေ ကွင်းဆင်းစိစစ် သုံးသပ်ရေးအဖွဲ့” မှ မြေပြင်ကွ င်းဆင်းစိစစ်ခြင်းဆောင်ရွက်ပြီး လျှောက်ထားမည့် ကုန်ပစ္စည်း အမျိုးအစားအလိုက်  တန်ချိန်အနည်းဆုံး (၅၀) ရာခိုင်နှုန်းရှိမှာသာလျှင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးရေးအဖွဲ့​တွေမြန်ရင်​တော့​ကောင်းပါတယ် ၊ကျနော်တို့ဆီလါစစ်သွားတာ ၃ ပတ်ရှိပါပြီ ၊ လိုင်စင်ကျမလါ​သေးလို့​စောင့်​နေပါတယ်”ဟုကုန်သည်တစ်ဦးက​ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်/ဆန်ကွဲ တန်ချိန် ၂ သန်းတင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လတာအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအနေဖြင့် ကန်ဒေါ် လာ ၇၈၃ သ န်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here