အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောမှ ကြက်ကားကို ဝင်တိုက်သည့် အိမ်စီးကားယာဉ်မောင်း ဒဏ်ရာရ

0
268

ယမန်နေ့ ည (၁၀) နာရီခွဲဝန်းကျင်အချိန်က မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့တွင် ကြက်ခြင်းများ တင်လာသည့်ယာဉ်အား တစ်ဖက်ယာဉ်ကြောမှ အိမ်စီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းသူအပါအဝင် (၂) ဦးအနက် ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

“အိမ်စီးကားက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောကိုရောက်သွားပြီးတော့ ကြက်ခြင်း‌တွေ တင်ကားကိုဝင်တိုက်မိတာ။ အိမ်စီးကားပေါ်မှာက ကားမောင်းတဲ့ လူရယ် အမျိုးသမီးတစ်ယောက်ရယ်ပါတယ်”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် အိမ်စီးကား ယာဉ်မောင်းဖြစ်သူမှာ ဒူးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့သည့်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဝင်တိုက်ခံရသည့် ကြက်ခြင်းများတင်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများနှင့် အိမ်စီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတို့တွင် ထိခိုက်ရာ ရရှိခြင်း မရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here