မြစ်ကြီး (၄) စင်း၏ ဘေးဝဲ/ယာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်မည်ဟု နစက ဥက္ကဋ္ဌပြော

0
471

မြန်မာနိုင်ငံအတွင်းရှိ အဓိက မြစ်ကြီး (၄) စင်းဖြစ်သည့် ဧရာဝတီ ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်တို့၏ ဘေး/ဝဲယာတို့တွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ (၄)ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရေနည်းကာလမှာ ရေရရှိရေးအတွက် ရေတိုရေရှည်စီမံကိန်းတွေကို တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။ အဓိက မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ချင်းတွင်း၊စစ်တောင်း၊သံလွင်မြစ်တွေရဲ့ ဝဲယာတွေမှာ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသည့် မြစ် (၄) စင်း၏ ရေများကို အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်သည့်အပြင် စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများက နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ရေအရင်းအမြစ် ရှားပါးလျော့နည်းလာခြင်းသည် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးပျက်စီးမှုများနှင့် ရာလသီဥတု ပြောင်းလဲမှုကို အခြေခံခြင်းဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေများ စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုများ မရှိစေရန် ရေရှည် ကာကွယ်ထိန်းသိမ်းရေးအတွက်လည်း ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရမည်ဟု မှာကြားခဲ့သည်။

“ရေအရင်းအမြစ်တွေ လျော့နည်းလာခြင်းဟာ လူသားတွေနဲ့ သက်ရှိသတ္တဝါ အားလုံးအတွက် အသက်ရှင်သန်နေထိုင်ရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် နောက်ဆက်တွဲဖြစ်တဲ့ စား၊ ဝတ်၊ နေ၊ ရေးနဲ့ စိုက်ပျိုးရေး၊မွေးမြူရေးအပါအဝင် လူမှုစီးပွားဘဝတွေကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် နွေ၊ မိုး၊ ဆောင်း ကာလသုံးပါးတွင် အဟော သိကံစီးဆင်းနေသည့် မြစ်ရေများကို သင့်တော်သည့် ရေထိန်းတမံစနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများပြုလုပ်ရန်ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here