ဘင်္ဂလားဒေ့ရှ်မြို့တော်၏အထည်ဈေးကြီးမီးလောင်

0
553

ဒါကာ၊ဧပြီ ၄

ဧပြီလ ၄ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာရှိ အထည်ဈေးကြီးမီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမားများ ရာနှင့်ချီကာ မီးငြှိမ်းနိုင်ရန်ကြိုးပမ်းခဲ့ကြရကြောင်းသိရသည်။

အဆိုပါမီးလောင်မှုမှထွက်သော မီးခိုးများသည် မြို့တစ်ခွင်လုံးပျံ့နှံ့သွားကာ မီးခိုးမည်းများဖြင့်ဖုံးလွှမ်းနေကြောင်းလည်းသိရသည်။

ထိခိုက်သေဆုံးမှုမရှိသေးကြောင်း သတင်းရရှိသော်လည်း ဈေးဆိုင်ပိုင်ရှင်များနှင့်မီးသတ်တာဝန်ရှိသူများက Bongo Bazar ဈေးနှင့် ၎င်းနှင့်ကပ်လျက်စီးပွားရေး‌နေရာသုံးခုလုံးနီးပါး မီးလောင်ပျက်စီးသွားကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ဈေးမီးကိုအချိန်မှီထိန်းချုပ်နိုင်ဖို့ မီးသတ်သမား ၆၀၀ ခန့်ကြိုးစားပမ်းစားဖြင့် ငြှိမ်းသတ်နေကြောင်းမီးသတ်ဌာန၏ပြောကြားချက်အရသိရသည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ပြောကြားချက်အရ မီးငြှိမ်းရာ၌ မီးသတ်ရဟတ်ယာဉ်လည်းပါဝင်ကြောင်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here