လာမည့် သင်္ကြန်ကာလတွင် CNG အရောင်းဆိုင် (၃၀) ဆိုင်မှ ပိတ်ရက်မရှိ ရောင်းချပေးသွားမည်

0
220

မော်တော်ယာဥ်သုံး သဘာဝဓာတ်ငွေ့ဌာနအနေဖြင့် လာမည့် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း တိုင်းနှင့် ပြည်နယ် အချို့ရှိ CNG အရောင်းဆိုင် (၃၀)ဆိုင်ကို ပိတ်ရက်မရှိရောင်းချပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ယင်ကဲ့သို့ ပိတ်ရက်မရှိရောင်းချပေးမည့် CNG ဆိုင်များမှ သမိုင်း (၁) (၀၀၁)၊ အင်းစိန် (၀၀၂)၊ အလုံ(၁) (၀၀၃)၊ ကျိုက္ကလို့(၀၀၄)၊ သာကေတ(၁) (၀၀၅)၊ ဘုရင့်နောက် (၀ ၀၇)၊ ပုလဲ(၀၀၈)၊ လှိုင်သာယာ(၁)(၀၀၉)၊ ဒညင်းကုန်း(၁)(၀၁၂)၊ ဒဂုံအရှေ့(၁)(၀၁၅)၊ ကြည့်မြင်တိုင်(၀၁၆)၊ တောင်ဥက္ကလာပ(၁)(၀၁၇) တို့ကို ဧပြီ (၈) ရက်မှ ၁၇ ရက်အထိ နေ့စဥ် နံနက်(၆) နာရီမှည (၇) နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ စော်ဘွားကြီးကုန်း(၀၁၉)၊ မင်္ဂလာတောင်ညွှန့် (၀၂၀)၊ ဒဂုံဆိပ်ကမ်း (၀၂၁) ၊ သာကေတ (၂)(၀၂၂)၊ ပါရမီ(၀၂၄)၊ လှော်ကား(၀၂၅) တို့ကိုလည်း ဧပြီ (၈) ရက်မှ (၁၇) ရက်အထိ နေ့စဥ် နံနက် (၆) နာရီမှည (၇) နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် လှိုင်သာယာ(၂)(၀၂၆)၊ရွှေပြည်သာ(၂)(၀၂၇)၊ သုဝဏ္ဏ(၀၂၈)၊အလုံ(၃)(၀၂၉)၊ သန်လျင်(၂)(၀၃၁)၊ တောင်ဥက္ကလာပ(၂)(၀၃၇)၊ မောင်းမကန်(၀၃၈)၊ လှိုင်သာယာ(၃)(၀၃၉)၊ ထောက်ကြန့်(၀၄၂)၊ ပလိပ်၊ ရေနံချောင်း(၂)နှင့် ချောက် တို့ရှိ CNG အရောင်းဆိုင်များတွင်လည်း ဧပြီ (၈) ရက်မှ (၁၇)ရက် အထိ ပိတ်ရက်မရှိ ရောင်းချပေးသွားမည်ဖြစ်သည်။

အလားတူ ဒဂုံမြို့သစ်(၀၀၆)၊ မြောက်ဥက္ကလာ(၁)(၀၁၁)၊ အလုံ(၂)(၀၁၃)၊ ရွှေပြည်သူ(၁)(၀၁၄)၊ သန်လျင်(၁)(၀၁ ၈)၊ ဒဂုံအရှေ့(၂)(၀၂၃)၊ ရွှေညောင်ပင်(၀၃၀)၊ ရွာမ (၀၃ ၂)၊ ဒညင်းကုန်း(၂)(၀၃၃)၊ ကျိုက္ကဆံ(၀၃၄)၊ ဗိုလ်တထော င်(၀၃၅)၊ မြောက်ဥက္ကလာ(၂)(၀၃၆)၊ မင်းဓမ္မ(၀၄၀)၊ သမို င်း(၂)(၀၄၁)၊ ရေနံချောင်း(၁)နှင့်မန္တလေးတို့ရှိ CNG အရောင်းဆိုင် (၁၆) ဆိုင်ကိုလည်း ဧပြီ (၈) ရက်မှ (၁၂) ရက်အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ သင်္ကြန်ရက်များ၌ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here