ဘရာဇီးရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ကလေးငယ် ၄ ဦး ရဲတင်းဖြင့် ခုတ်သတ်ခံရ

0
191

ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ကလေးငယ် ၄ ဦး သည် ဧပြီလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရဲတင်းဖြင့် လာရောက် ခုတ်သတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ဘလူးမယ်နောင်မြို့ရှိ “Cantinho Bom Pastor” ဟုခေါ်သော မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသတ်သမားသည် ကလေးများအား သတ်ပြီးနောက် ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။ လူသတ်သမား အမည်မှာ လူအိစ် ဟန်ရီကယ် ဒီ လီမာ ဖြစ်သည်။

အသတ်ခံရသူများမှာ ယောကျ်ားလေး ၃ ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး အသက် ၅ နှစ်မှ ၇ နှစ်ကြား အရွယ်များ ဖြစ်သည်။ ဖြစ်စဉ်မှာ ကလေးများက ကျောင်း၏ ကစားကွင်း၌ ဆော့ကစားနေစဉ် လူသတ်သမားသည် ကျောင်း၏ နံရံကို ခုန်ကျော်လာပြီး လူသတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုကလေး ၄ ဦးအပြင် နောက်ထပ် ကလေး ၅ ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လူသတ်သမားသည် ကလေးများ၏ ဦးခေါင်းကို အဓိကထား၍ တိုက်ခိုက်ခဲ့သည်ဟု အရေးပေါ်ဌာနမှ အရာရှိတစ်ဦးက သတင်းထောက်များကို ပြောလာသည်။ လူသတ်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကိုမူ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here