သင်္ကြန်နားနီးလာသည့်အတွက် ရွှေအရောင်းအဝယ်အနည်းငယ်ဖြစ်

0
145

ပြည်တွင်းရွှေဈေးကွက်အတွင်း သင်္ကြန်နားနီးလာသည့်အတွက် အရောင်းအဝယ်အနည်းငယ်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

” ဒီဈေးနဲ့ကတော့ ဘယ်သူမှရွှေဝယ်မစုဘူး။ ဒါပေမယ့် သင်္ကြန်နားနီးလာတဲ့အတွက် အလှူအတန်းတွေကရှိတော့ အထည်ပျက်တွေလာရောင်းကြတယ်။ ဝယ်ကြတယ်။ တချို့ဆိုင်တွေမှာတော့ အရောင်းအဝယ်နည်းနည်းပါးပါးဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဧပြီလ (၅) ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၂၀၂၂ အထိ မြင့်တက်လာခဲ့ပြီး အသင်း၏ရည်ညွှန်းဈေးနှုန်းမှာလည်း ၂၄ သိန်းနီးပါးအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ဧပြီလ (၆) ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၂၀၁၆ ဖြစ်ပြီး အသင်း၏ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ၂၃၇၅၁၀၀  သတ်မှတ်ထားကြောင်း သိရသည်။

ရွှေအသင်းအနေဖြင့် ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေလဲနှုန်း ၂၁၀၀ ဖြင့်သာတွက်ချက်၍ ကြမ်းခင်းဈေးကို နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း၊ပြင်ပရွှေဈေးကွက်အတွင်းတွင်လည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၉၅၀၀၀၀ ရှိနေကြောင်း သိရသည်။

ယင်းအပြင် ဈေးကွက်အတွင်း ရွှေဈေးတည်ငြိမ်မှုပျက်ပြားစေရန် ဈေးကစားနေသူများ၊ ကောလဟလများကို လူမှုကွန်ရက်၊ အွန်လိုင်းတိုဖြင့် ထုတ်လွှင့်၍ ရွှေဈေးမတည်ငြိမ်အောင်ဆောင်ရွက်နေသူများအား အရေးယူဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်ကလည်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here