Core banking စနစ် အဆင့်မြှင့်တင်မည်ဖြစ်သည့်အတွက် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုအချို့ ဧပြီ (၇) ရက်မှ (၁၂) ရက်အထိ အသုံးပြု၍ မရနိုင်ဟု KBZ ကြေညာ

0
340

ဧပြီလ (၇) ရက်မှ (၁၂) ရက်အထိ Core banking စနစ် အဆင့်မြှင့်တင်မည်ဖြစ်သည့်အတွက် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုအချို့ အသုံးပြု၍ ရမည်မဟုတ်ကြောင်း KBZ ဘဏ်မှ အသိပေးကြေညာထားသည်။

Core banking စနစ် အဆင့်မြှင့်တင်နေသည့် ကာလတစ်လျှောက် ပုံမှန်အတိုင်း အသုံးပြုနိုင်မည့် ဝန်ဆောင်မှုများမှာ KBZ Pay မှ ဖုန်းဘေလ်ဖြည့်ခြင်း၊ KBZPay အကောင့်အချင်းချင်းငွေလွှဲခြင်း၊ KBZPay Market ၊QR ဖြင့်ငွေပေးချေခြင်း ၊ လက်ဆောင်ကဒ်ဝယ်ယူခြင်း၊ Mini Apps KBZ Pay သို့မဟုတ် (အခြားဘဏ်မှ MPU ကတ်ဖြင့် ငွေသွင်းခြင်း)၊ KBZ အကြွေးဝယ်ကတ် (အခြားဘဏ် POS တွင် ငွေပေးချေမှု၊ E-commerce ငွေပေးချေမှုများကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်ဟု KBZ ဘဏ်က အသိပေးထားသည်။

အဆိုပါ ကာလအတွင်း ATM မှ ငွေထုတ်ခြင်း၊ KBZ pay မှ ATM မှငွေထုတ်ခြင်း၊ I,M banking နှင့် အခြား‌သော Core Banking နှင့် ဆက်စပ်‌နေသော KBZ pay ဝန်ဆောင်မှုများအသုံးပြု၍ရမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ Core banking စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ ဧပြီလ (၇) ရက် ည ၁၁:၄၅ နာရီ မှ ဧပြီလ ၁၂ ရက်နံနက် (၁၁) နာရီထိ၊ စုစုပေါင်း (၄)ရက်ခွဲနီးပါး ကြာမြင့်မည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုပြီးဆုံးသွားပါက အသုံးပြုသူများထံ အချိန်နှင့်တပြေးညီ အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here