တရုတ်နှင့်ရုရှားတို့ ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းရန်ဆောင်ရွက်မည်ဟုဆို

0
160

ပေကျင်း၊ဧပြီ ၆

တရုတ်ဝန်ကြီးချုပ်မစ္စတာလီချန်သည် မော်စကိုနှင့်တရုတ်အကြား အပြန်အလှန်လေးစားမှု၊ယုံကြည်မှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေးကိုတိုးမြှင့်ရန်ကတိပြုခဲ့သည်။j

ယင်းသို့ပြုလုပ်ခြင်းသည် မဟာမိတ်ဖွဲ့ခြင်း၊ထိပ်တိုက်ရင်ဆိုင်လိုခြင်းနှင့်အခြားပြင်ပဖွဲ့အစည်းများအား ရည်ရွယ်တိုက်ခိုက်လိုခြင်းမဟုတ်ကြောင်းလည်းဆိုခဲ့သည်။

လီသည် ရုရှားဝန်ကြီးချုပ်မီခေးလ်မစ်ရှုစတင်နှင့် အင်္ဂါနေ့က ဖုန်းဖြင့်စကားပြောစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဝန်ကြီးချုပ်အဖြစ် မစ္စတာလီစတင်တာဝန်ယူခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ပထမဆုံးဆွေးနွေးမှုလည်းဖြစ်သည်။

နှစ်နိုင်ငံအကြီးအကဲများက သ‌ဘောတူထားသည့် အဓိကသဘောတူညီမှုကိုအကောင်အထည်ဖော်ရန်နှင့် လက်တွေ့ကျသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်သစ်များ ကို ဖော်ဆောင်ရန်လည်း လီကတိုက်တွန်းခဲ့သည်။

ရုရှားနှင့်တရုတ်ဆက်ဆံရေးသည် ယခုအခါသမိုင်းဝင်သည့် အကောင်းဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း မစ်ရှုစတင်ကလည်းမှတ်ချက်ပြုခဲ့သည်။

ရုရှားသည် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကာလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုံး၏ပူးတွဲတိုးတက်မှုကို မြှင့်တင်ရန်အသင့်ရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

Source : China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here