ရက်ပ်အဆိုတော် XXXtentacion ကို လုပ်ကြံခဲ့သော လူသတ်သမား ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချ

0
161

နာမည်ကျော် ရက်ပ်အဆိုတော် အိတ်စ်အိတ်စ်အိတ်စ် တန်တာစီယွန် (XXXtentacion) ကို သတ်ခဲ့သော လူသုံးဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အမည်ရင်း ဂျဆေး ဒဝိန်း အွန်ဖရွိုင် ဟု ခေါ်သော အဆိုတော် XXXtentacion သည် ၂၀၁၈ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ်ရှိ ကားအရောင်းအဝယ်ဆိုင်တစ်ခု၏ အပြင်ဘက်တွင် သေနတ်ဖြင့် အပစ်ခံရသဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သေဆုံးချိန်တွင် အသက် ၂၀ နှစ်သာ ရှိသေးသည်။

လူသတ်မှုနှင့် ပတ်သက်၍ မိုက်ကယ် ဘုတ်ထရိုက် (အသက် ၂၈ နှစ်) ၊ ဒက်ဒရစ်ခ် ဝီလီယမ်စ် (အသက် ၂၆ နှစ်) နှင့် ထရေဗွန် နူးဆမ်း (အသက် ၂၄ နှစ်) တို့ကို နှစ်အတော်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဘရိုဝက်ဒ် ကောင်တီရှိ ဆပ်ကပ်စ် တရားရုံးမှ တရားသူကြီး မိုက်ကယ် အူဆန်သည် ဧပြီလ ၆ ရက် ကြာသပတေးနေ့တွင် ထိုလူသုံးဦးအား ပထမ လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း စီဘီအက်စ် သတင်းဌာနက ဖော်ပြထားသည်။

တရားရုံးတွင် ထွက်ဆိုချက်ပေးခဲ့သော လူသတ်မှုတွင် ပါဝင်ခဲ့သည့် ရောဘတ် အယ်လ်လန် ၏ ပြစ်ဒဏ်ကိုမူ အထက်ပါ လူသုံးဦး၏ ရုံးချိန်းမပြီးမချင်း ရွှေ့ဆိုင်းထားသည်။ အယ်လ်လန်၏ ပြစ်ဒဏ်မှာ ဒုတိယအဆင့် လူသတ်မှုဖြစ်သည့်အတွက် အခြားသုံးဦးထက် လျော့ပေါ့သွားဖွယ်ရှိသည်။

Source: မက်ထရို


LEAVE A REPLY

Please enter your comment!
Please enter your name here