အမေရိကန်ဆိုင်ရာထိုင်ဝမ်သံအမတ်အား တရုတ်က ပိတ်ဆို့မှုများ ပိုမို ပြုလုပ်

0
130

ပေကျင်း၊ဧပြီ ၇

တရုတ်သည် အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီးသဖွယ် တာဝန်ထမ်းဆောင်နေသူ ရှောင်ဘီကင်မ်နှင့်၎င်း၏မိသားစုဝင်များကို ပြည်မကြီး၊ဟောင်ကောင်နှင့် မကာအိုသို့ဝင်ရောက်ခြင်းမှတားမြစ်ကာ ပိတ်ဆို့မှုများထပ်မံပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၌ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှထုတ်ပြန်သော ပိတ်ဆို့အရေးယူမှုတွင် မစ္စရှောင်နှင့်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူများနှင့်ကုမ္ပဏီများအနေဖြင့် ပြည်မကြီးမှအဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်တားမြစ်ထားသည်။

ယခုပိတ်ဆို့မှုများအား ထိုင်ဝမ်သမ္မတနှင့်ကန်အောက်လွှတ်တော်ဥက္ကဌ မက်ကာသီတို့၏တွေ့ဆုံမှုအပြီး၌ ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ဩဂုတ်လကလည်း ‌ကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် မစ္စရှောင်အပါအဝင် ထိုင်ဝမ်အမတ်ခုနစ်ဦးကိုလည်း တရုတ်က ပိတ်ဆို့မှုများပြုလုပ်ခဲ့သေးသည်။

သို့သော် ထိုင်ဝမ်အကြီးတန်းအရာရှိများသည် တရုတ်သို့လာရောက်ခြင်းမရှိသကဲ့သို့ တရုတ်အနေဖြင့်ထိုင်ဝမ်၌ တရားစီရင်ပိုင်ခွင့်လည်းမရှိသည့်အတွက် ၎င်း၏ပိတ်ဆို့မှုများသည် ထိရောက်မှုကြီးကြီးမားမားရှိသည်မျိုးတော့မဟုတ်ပေ။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here