ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူး ဆော်ဒီစေလွှတ်မည်

0
257

ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး Rayyanah Barnawi ကို မေလ ၉ ရက်နေ့တွင် နိုင်ငံတကာအာကာသစခန်းဆီသို့ စေလွှတ်တော့မည် ဖြစ်ကြောင်းသိရသည်။

ရင်သားကင်ဆာ သုတေသနပညာရှင် Barnawi သည် အာကာသထဲသို့ စတင်ရောက်ရှိမည့် ပထမဆုံး ဆော်ဒီအမျိုးသမီးဖြစ်ပြီး တိုက်လေယာဉ်မှူးဟောင်း Ali Al-Qarni နှင့် ပူးပေါင်းကာ အာကာသထဲတွင် သုတေသနများ အတူတကွလုပ်ဆောင်သွားမည်ဖြစ်သည်။

Barnawi နှင့် Ali Al-Qarni တို့သည် နိုင်ငံတကာအာကာသစခန်း (ISS) သို့ သီးသန့်မစ်ရှင်တစ်ခုအဖြစ် ဖလော်ရီဒါမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြာသပတေးနေ့ကပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် NASA နှင့် Axiom အာကာသတာဝန်ရှိသူများက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here