၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပဆန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၁၀၀၀ ရရှိရန်ရည်မှန်းထား

0
160

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်၊ဆန်ကွဲတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၁၀၀၀ ရရှိရန်ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် ဆန်တန်ချိန် (၂ ဒသမ ၅) သန်းတင်ပို့ရန်လျာထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်/ဆန်ကွဲတန်ချိန် ၂ ဒသမ ၁၆ သန်းတင်ပို့ထားပြီး ကန်ဒေါ်လာ ၈၁၀ ဒသမ ၁၃၀ သန်းရရှိထားခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ (မီနီဘတ်ဂျက်ဖြစ်သည့် အောက်တိုဘာ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ )ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်/ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းတင်ပို့ထားမှုမှ ကန်ဒေါ်လာ ၄၄၄ ဒသမ ၂၈၃ သန်းရရှိထားကြောင်းဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ပြည်ပသို့ဆန်/ဆန်ကွဲကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်သွယ်ရေးလမ်းကြောင်းမှ နိုင်ငံပေါင်း ၇၅ နိုင်ငံကို တင်ပို့နေပြီး ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ ပဲမျိုးစုံတင်ပို့မှုနှင့် ဆန်တင်ပို့မှုတို့သည် အဓိကပို့ကုန်အမယ်များဖြစ်ကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here